Mat Mat ai Christmas

Shata shagan htoi tu kabrim 
Bungshi ni a hawm ai sama hte kahprim

Dik kasi zim ai Chrismtmas ningsin shana
“Merry Christmas” marawn nsen pra pra

Npawt kapaw jasudat ya
Yawng a zim ai myit ni dum hprang wa

Yup pyaw nga ai byinpu pan

“Merry Christmas” nsen hte malan

Dumhprang let pu katu
Nang hta ngai grau tsawam ai lu

Nta shagu Christmas mawm sumli
Wantu prip la nsam hkum shingni

Jinghku jingyu, nta masha hkum
Wu wu di di mani pyaw nsen lum

Lamu kasa wunawng wuwa
Manap nhtoi U she goi hkra

Chyeju hpring ahpa kahtet hpoi hpoi hte rau
Lu sha lu yang ta yungnu sharawt let tau

Kam masha ni a tsawra myit ntaw
kumhpaw kumhpa htingpa she nlaw

Masum na mali na mayu she hkrawp hkraw
Kabu gara shiga htawn tsun nlaw

Nhkru ai myit ni hpe matut
Poi Hkyen ai lamang n ngut

Pu ai ba ai gasi wa
Dictionary hta tam nmu na

Christmas choir mung n hprai
Shana lamang mung shang lawm sai

Yesu kamung naura na ngai
Nba htinggrum kata lawze tai

Kadai she nmu ya tim
Kahpra ai myit ni nzim

Ya tsun shingran myi hta pra pra
Hkam sha lam ni kasi hprap hprap

Ohh marit ai Christmas namchyim

Tawng marang shaning nna shi yang
Covid bung laru yawng hkrum sha ang

Hpang jahtum nhtoi du sai kun
Yawng a kraw hta hkrit myit madun

Shachyen da lam ni yawng hkring ra
Shawng lam magup yawng chyip nga

Tamlu tamsha grau she sawng
Yak hkak lam yawng mahkawng

Shan chyang shan hpraw nging hka ai
Tinang mungkan hta kadai njaw shang sai

Nga sat nga sa lam yawng galai ra
Garen gari myit grai she sawang wa

Law law wa hpe shakram kau da ra
Sim ai Christmas hkrap ngoi nsen hte gara

Kalung la ai prat ningnan masa
Yawng sha naw man wa yang wa

Ahkang aya marin ai ni a lata
Mungdan tinang yawn madai myiprwi ra

Sat nat zingri zingrat tsingyam
Hkrit kajawng ra ai prang wang lam

Shara ngup hkrit myit kaup mang ai
Zim e zang e Christmas shata she rai sai

“Silent Night” gasi gangau
Kaja wa she teng sai lau

Ohh Christmas။ tam nmu
Ganang mi she nang du

Kalang marang na pyaw hpa lam
Madin din din nga ai simsa lam

Shingdu gayin myit sawn sumru
Madung tawn nga ai shinggan manu

Aten makau mabyin masa hka leng hta
Yawng lawm mat ai grai na saka

Hkaleng kata na lawt nhtoi
Christmas hpe tam mu ai shaloi

Nang teng teng sadi maja hkawm sa
Christmas a namchyim hpe mu na

Dai namchyim gaw gara kaw
Na salum kata hta raw

Shara shagu hta nga ai namchyim
Simsa lam a hkahpawk lwi nzim

Dai tsawra myit nga shara
Nang ngai yawng she hkam sha na

Dai hkam sha lam hpe yawng shabra
Christmas namchyim majing nga

Aww le le rau chawm manawt
Mat mat ai Christmas a npawt

Mu lu sai nga yawng jahta
Mungkan ting yawng simsa nga na sai law.

ဒီဝမ်းအရေးနဲ့ ဒီဆောင်း


ဝမ်းအရေးဆိုလို့ ဟိုဝမ်းရေးကို ပြောတာမဟုတ် ဒီဗိုက်၊ ဝမ်းသွား အရေးကို ပြောတာနော်။

မနက်စောစောစီးစီး ဝမ်းသွားတာ ကျန်းမာ‌ရေးကောင်းတဲ့ အမှတ်လက္ခဏာလို့ ဆိုကြတယ်။ ကိုယ်လည်းမနက်စောစော ဝမ်းသွားတတ်တဲ့ အကျင့်ရှိတယ်။ ကျန်းမာရေးကောင်းတယ်လို့ ဆိုရမှာပေါ့။ မနက်ခင်းအလေးသွားပြီးရင် ပေါ့ပါးသွားတာပဲ။

ဒီအကျင့်က ရန်ကုန်မှာဆို အိမ်၊ ရုံးသွား ရုံးလာချိန်တတွေမှာ အရမ်းအဆင်ပြေတာပဲ။ (ဝမ်းမမှန်တဲ့ရက်ကလွဲပြီး) မနက်စောစောထတော့ ရုံးသွားဘယ်တော့မှနောက်မကျ။ ဒါပေမယ့် ဘတ်(စ်)ကားချောင်တာကိုပဲ‌ တတ်နိုင်သလောက်ရွေးစီးတော့ ရုံးတော့ များသောအားဖြင့်နောက်ကျမှ ‌ရောက်လေ့ရှိတယ်။

တချို့ရက်တလေ အစားများသွားလို့ (သို့) လေ့ကျင့်ခန်းမလုပ်ဖြစ်ဘဲ အထိုင်များတဲ့နေ့တွေဆို ‌မနက်ပိုင်းအလေးအသွား မမှန်တော့ဘူး။အဲဒီ‌နေ့တွေဆို သိသိသာသာ လန်းဆန်းလို့မနေ။ များသောအားဖြင့် ထမင်းစားပြီး နည်းနည်းကြာမှ သွားတတ်တယ်။ ဒီအတွက်လည်း ရုံးသွားရင် Public Toilet ဒါမှမဟုတ် ကုန်တိုက်ကြီးတွေနဲ့ ညားတတ်တယ်။

ဒါကပြဿနာ အဲလောက်မရှိသေးဘူး။ ဒီထက်ပိုဆိုးတာက ရုံးပိတ်ရက်ရယ် အထူးသဖြင့် ခရီးသွားတဲ့ အချိန်နဲ့ အေးတဲ့ဒေသရောက်ရင် ဒီဝမ်းရေးကြောင့် အမြဲစိတ်ဒုက္ခရောက်ရတယ်။

မကြာမှီသေးကမှ ရန်ကုန်တစ်ခေါက် ပြန်သွားတော့ ရန်ကုန် အဝင်ကို မနက် ၆ နာရီလောက်ရောက်တယ်။ နိုးတာက ဒီထက်အစောကြီးကတည်းက နိုးနေခဲ့။ ဒါပေမယ့် ဝမ်းအင်ဂျက်စက်ကြီးက ရန်ကုန်အဝင်ဂိတ်မှာမှ နိုးလာတယ်။ ဂိတ်စောင့်တစ်ကောင်က ရစ်တော့ ခရီးသည်အားလုံးဆင်းရတယ်။ အကြာကြီးပဲ။ ပစ္စည်းတွေလည်းအားလုံး ဖောက်ထုတ်စစ်လို့။ စစ်တဲ့ နှစ်ကောင်ကလည်း ၈ လောက်ရှိတဲ့ ဓား တကားကားနဲ့။ ဒေါသတကြီးနဲ့ ကားသမားကို ဆဲလိုကဆဲနဲ့။

ကိုယ်ကလည်း ဝမ်းကသွားချင်နေပြီ။ ဟိုက ဒေါသထွက်နေတော့ ဒီအတိုင်း အသာကလေး သူတို့ဂိတ်ဘက်က အိမ်သာသွားဖို့ ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးတယ်။

“ဟိုကောင် ဘယ်လဲ” စစ်နေတဲ့ ဓားတကားကားနှစ်ကောင် ဘေးကနောက်တစ်ကောင်က အော်မေးလိုက်တယ်။

“အိမ်သာ သွားမလို့ “

“မသွားနဲ့။ အောင့်ထားလိုက်။”

ဟိုကဒေါသထွက်နေတဲ့ ကောင်ဆိုတော့ ပြောလည်း အပိုပဲဆိုပြီး ဘာမှ ပြန်မပြောတော့ပဲ။ ကားတွေစစ်ပြီး ကားဂိတ်ရောက်တဲ့အထိ အောင့်သွားလိုက်တာပဲ။ ဟိုရောက်မှ ကောင်းကင်ဘုံ ရောက်သွားသလားအောက်မေ့ရတယ်။ ကောင်းမှကောင်း။

ထားပါ။ အခုဆို ချမ်းအေးတဲ့ရှမ်းပြည်ကို ပြန်ရောက်တာ တစ်နှစ်ကျော်နေပြီ။ ဆောင်းလည်း နောက်တစ်လှည့် ရောက်ရှိလာပြန်တော့ အရင်နှစ်ကကြုံရတဲ့ ဒီဝမ်းသွားရေးနဲ့ရယ်စရာအဖြစ်ကို ပြန်အမှတ်ရမိတယ်။

ကိုယ်ရှမ်းပြည်ဇာတိ ပြန်ရောက်ခါစကတော့ နွေရာသီမို့ အတော် နေလို့ထိုင်လို့ အဆင်ပြေတယ်။ အရမ်းကြီး အေးတာလည်း မဟုတ်။ အရင်ကဆို နေ့လည်လည်း အနွေးထည်နဲ့ သွားနေရတုန်း။ အခုတော့ ရာသီဉတုကလည်း နေ့လည်ဆိုရင် တီရှပ် နဲ့တောင် နေလို့ရပြီပြီ။ ဒီတော့ မနက်ပိုင်း ဝမ်းရေး (အလေးသွား)က ပြဿနာမရှိ။

မိုးရာသီကြပြန်တော့လည်း တစ်ချိန်လုံးမိုးအုံပြီး မိုးရွာနေတာ မဟုတ်ပြန်တော့အဆင်ပြေတယ်။နောက်ပြီး မိုးရာသီက အဲလောက်လည်း ချမ်းပြီးစိမ့်မနေဘူး။ ဘောလုံးရာသီလည်း ဟုတ်လို့ မဆီမဆိုင် တို့ရပ်ကွက်က လူလိုလို့ဆိုပြီး ခေါ်ပြန်တော့ တကူးတက မနက်စောစော ကြိုးစားပြီးထစရာမလို။ ကိစ္စသွားပြီး လေ့ကျင့်ခန်း သွားဆင်းလိုက်ရုံလေးပဲ။

အဲ မိုးအကုန် ဆောင်းအကူး နည်းနည်းအလွန်မှာ ဒီဝမ်းရေးနဲ့ တိုင်ပတ်တော့တယ်။ ရှမ်းပြည်ဆောင်းဆိုတာထက် ကိုယ့်ရွာက ဆောင်းလို့ ပြောရင် ပိုမှန်မယ်။ အကူးအပြောင်းဖြစ်ခါစ ဖြစ်စဉ်အတိုင်း ဝုန်းတိုင်းနဲ့တခါတည်း အေးလာတာမဟုတ်။ တဖြည်းဖြည်းနဲ့ အရှိန်ယူကာ အေးစိမ့်လာတာ။ အေးပြီဆိုလည်း အရိုးထိကို စိမ့်ဝင်တာ။

မှတ်မှတ်ရရ နိုဝင်ဘာလက တစ်မနက်မှာ သိသိသာသာ ထူးကဲပြီး အေးနေတယ်။ ကိုယ်အကျင့်အတိုင်း မနက်စောစောစီးစီး ခန္ဓာကိုယ်မှ ဝမ်းသွားစက် အင်ဂျင်ကြီး နိုးလာတဲ့အတွက် မျက်လုံးကအလိုလိုပွင့်လာတယ်။ ဘေးကဖုန်းကို တစ်ချက်ကြည့်လိုက်တယ်။ ၆ နာရီထိုးဖို့ ၁၅ မိနစ်။ အရမ်းစိမ့်နေတော့ မထချင်။ ကြိုးစားပြီး ဆက်အိပ်ဖို့လုပ်သေးတယ်။ မရတော့ဘူး အင်ဂျင် နိုးသွားပြီမို့ ရွေ့မှ ရတော့မယ်။ ဒါနဲ့ မထချင်ထချင်နဲ့ အနွေးထည် တစ်ခု ကောက်ကာခြုံပြီး ကိစ္စသွားရတယ်။

တကယ်တော့လည်း ဘယ်လောက်ပဲ Freedom ရတယ်လို့ ပြောပါစေ၊ တကယ်တော့ မလွတ်လပ်ပါဘူး။ ယုတ်စွအဆုံး ခန္ဓာကိုယ်ရဲ့ အချုပ်အနှောင်က မလွတ်ကင်းကြပါဘူး။ သေမှလွတ်မှာပါ။ (မဆီမဆိုင်)

ထားပါစကားကို ပြန်ဆက်ရရင် ကိုယ်လည်း နိုးတဝက်စိတ်နဲ့ အိမ်သာတက်တယ်။ ဝမ်းသွားတာက ချော်ချော်မွေ့မွေ့။ ဝမ်းသွားပြီးပြီဆိုတော့ ဦးနှောက်က တကူးတက အားစိုက်ပြီး အလုပ်လုပ်စရာမလို လက်ကလည်း အလိုလိုရင်း ကိစ္စရှင်းလင်းဖို့ရေပန်းဆီရောက်သွားပြီ။ အဲ ရေပန်းနဲ့ ကိစ္စရှင်းလိုက်တော့မှ ရှိသမျှ အကြောတွေ လန့်ဖြန့်ကုန်ကာမျက်လုံးစုံမှိတ် စိတ်အာရုံအားလုံး အဲကိစ္စဆီရောက်သွား။ အိပ်ချင်စိတ်လည်း ကြက်ပျောက် ငှက်ပျောက်။ “ AH Zi ……..(အေးလိုက်တာ)” ဆိုပြီး လက်သီးကိုဆုပ်အားတွေဖျစ်ညှစ်ပြီး မျိိုသိပ်ထားတဲ့ အသံ သဲ့သဲ့ကလေးနဲ့ ညီးမိတယ်။

တဖြတ် ကျော်ဖြတ်သွားတဲ့ လေပြည်လေးက “ မင်းဖင်တော့ သွားပြီ” ဆိုတဲ့ တီးတိုးစကားဆိုသွားလား။ စိတ်ထဲကပဲလားမသိ။ နောက်မှ ဟုတ်တယ် ငါ့ဖင်တော့ သွားပြီ။ တကယ်လည်း ထုံပြီးခဏတာသေသွားတယ်။ ငါထင်တယ် အဲအချိန်မှာ ဖင်ကို ကိစ္စရှိလို့ ခွဲစိတ်ရင် ထုံဆေးလည်း မလို သွေးလည်း တစ်စက်မှ ထွက်မယ်မထင်ဘူး။ တအောင့်ကြာမှ ကိုယ့်အဖြစ်ကိုတွေးကာ ရယ်မိတယ်။

အခုရေးနေချိန်တောင် အကြောတွေက ထိတ်လန့်နေဆဲ။ အဲနောက် ဆုံးဖြတ်ချက်တစ်ခုတော့ ချလိုက်တယ်။ ဝမ်းမမှန်လည်း နေပါစေ ဒီရှမ်းပြည် ဆောင်းကိုတော့ အရှုံးပေးလိုက်ပြီ။

ဒီ ဝမ်းအရေးနဲ့ ဒီဆောင်း။

Mingalar bar!

ရှေ့ဦးစွာ ကျွန်တော့ Page ကိုဝင်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီ Page ကတော့ ကျွန်တော့ရဲ့ ‌အရေးအသားတိုးတက်ဖို့ရန် လေ့ကျင့်တဲ့ နေရာတစ်ခုပါ။ 

ဒါပေမယ့် အရေးအသားလေ့ကျင့်ရာမှာ အကြောင်းအရာတွေကိုတော့ ကို့ကိုစိတ်ဝင်စားစေတဲ့အကြောင်းအရာတွေ၊ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ ၊ အတွေ့အကြုံလေးတွေ ၊ အပျင်း‌ပြေစိတ်ကူးယဥ်မှုတွေကို တတ်နိုင်သလောက် စိတ်ဝင်စားဖွယ်ကောင်းအောင် ကြိုးစားရေးသားဖို့ ရည်ရွယ်ထားပါတယ်။

စည်းမျဥ်း ၊ စည်းကမ်း မချထားတဲ့အတွက် တချို့သောအကြောင်းအရာများသည် Academic ဆန်ဆန်ဖြစ်ချင်ဖြစ်မယ်။ ရောက်တက်ရာရာ အကြောင်းအရာလေးတွေ ဖြစ်ချင်ဖြစ်ပါမယ်။ ဒီတော့ အာရုံနှောက်ဖို့သာ ပြင်ထားပေတော့။ 

 ” ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏

ရှင်ယာကုပ် ၄ : ၁၇

ကချင်ရိုးရာတူရိယာ အသက်ဆက်ဖို့ ‌ဝေဝါးဆဲ

“ကချင်လူမျိုးများရဲ့ ရိုးရာသံစုံတူရိယာများကို လက်ဆင့်ကမ်းမည့်သူများ ရှားပါးသည့်နည်းတူ ထပ်ဆင့်လက်ဆင့်ကမ်းမည့် လူငယ်လူရွယ်များသည် ရိုးတူရိယာများကို သင်ယူမှု ရှားပါးလာခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်သည်”

received_897591183732770-01-01

😁 ကချင်ရိုးရာပလွေ သင်ယူနေသော လူငယ်များအားတွေ့ရစဉ်။

ကချင်တွင် ဂျိမ်းဖော့၊ လဝမ်၊ လရှီ ၊ အဇီး၊ မရူ၊ လီဆူဟု မျိုးနွယ်စုခြောက်ခုရှိသည်။ မျိုးနွယ်စုတိုင်းတွင် မတူ၊ ကွဲပြားသည့် တူရိယာများ ရှိကြသည်။ ရိုးရာတူရိယာများကို မနောပွဲ၊ နှစ်သစ်ကူးပွဲ၊ ကောက်သစ်စားပွဲ ၊ မင်္ဂလာဆောင်ပွဲ ၊ ကြိုဆိုရေးအခမ်းအနားများတွင် အသုံးပြုကြသည်။ထို့အပြင် ကချင်အများစုသည် ခရစ်ယာန်များဖြစ်သည့်အလျောက် ဘုရားချီးမွမ်းသီချင်းအများစုကို ရိုးရာတူရိယာများနှင့် လူအများစုပြီး တီးခတ်လေ့ရှိကြသည်။

ကချင်တူရိယာအစုံအလင်ကို မနောပွဲတွင်သာ မြင်တွေ့နိုင်သည်။ မနောပွဲမှာဆိုလျှင် လူတစ်ဦး မ နိုင်ရန်ပင် ခက်ခဲသည့် ဗုံရှည်များ အသုံးပြုကြသည်။ ယခင်ကဆိုလျှင် လေမှုတ်တူရိယာအမျိုးအစား ၂၀ မှ ၃၀ ဝန်းကျင်ခန့် ရှိကြောင်း ရန်ကုန်ကချင်နှစ်ချင်းအသင်းတော်မှ ရိုးရာတူရိယာတာဝန်ခံ ကိုနော်ခမ်းဆိုင်းအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါ တူရိယာများကို တီးမှုတ်နိုင်သောသူ အနည်းငယ်သာ ရှိတော့ကြောင်း၊ ယခုခေတ်လူငယ်များက မတီးခတ်တတ်တော့ကြောင်း ၎င်းက ဆိုသည်။

 

ပရော်ဖက်ရှင်နယ်များ ရှားပါး

ကချင်ရိုးရာတူရိယာများကို နိုင်ငံတကာ Orchestra သံစုံတီးဝိုင်းများတွင် နိုင်ငံတကာတူရိယာများနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် တေးဂီတပိုင်း၊ တူရိယာပိုင်းများတွင် ကျွမ်းကျင်သူများ၏ ကူညီမှုက အလွန်အရေးပါကာ လက်ရှိ ကချင်ရိုးရာအသိုင်းအဝိုင်းတွင် ပရော်ဖက်ရှင်နယ်ဆန်ဆန်သွားသူများ အလွန်ရှားလှသည်ဟု သိရသည်။

” လူငယ်ပိုင်းမှာ ပညာရှင်အပိုင်းကို သွားတဲ့သူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရိုးရာဂီတတွေကို နိုင်ငံတကာဝင်ဆံနိုင်အောင်၊ ပရောဖက်ရှင်နယ်ဖြစ်အောင် လုပ်ဆောင်မယ့်သူတွေက မရှိသလောက်ပဲ။ တော်တော်များများက အနောက်တိုင်းတူရိယာပိုင်းကို ပရောဖက်ရှင်နယ်ပိုင်း သွားတာများတယ်” ဟု ကိုနော်ခမ်းဆိုင်းအောင်က ဆိုသည်။

လူငယ်များ စိတ်ဝင်စားမှုနည်းပါး

ရန်ကုန်တွင် ကချင်လူငယ် အရေအတွက် ထောင်ဂဏန်းခန့် ရှိသည်။ ၆ နှစ်အတွင်း ရန်ကုန်မြို့တွင် ရိုးရာတူရိယာသင်တန်းကို သုံးကြိမ်ဖွင့်လှစ်ခဲ့သည်။ ပထမအကြိမ်တွင် လူငယ် ၅ ဦး ၊ ၆ ဦး ခန့်သာ တက်ရာက်ခဲ့သည်။ သင်တန်းပြီးဆုံးပြီး ပြန်လေ့ကျင့်၊ဆက်လေ့လာသူမှာ ၂ ဦးခန့်သာ ရှိကြောင်း၊ ဒုတိယအခေါက်တွင် ကချင်ရိုးရာပလွေတစ်မျိုးဖြစ်သည့် ထူရမ်ကို သင်ဖြစ်ကြောင်း၊လူကြီးတွေ တော်တော်များများသာလာလေ့လာကြကြောင်း၊ သို့ပေမဲ့ ယခုပြန်တီးခိုင်းလျှင် အားလုံးနီးပါးခန့်က တီးခတ်နိုင်မည်မဟုတ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးဖွင့်လှစ်ခဲ့သော သြဂုတ်လခန့်က သင်တန်းတွင် လူ ၁၀၀ ခန့်ရှိသော်လည်း ရိုးရာတူရိယာ တီးခတ်သင်သူ ငါးယောက်သာ ရှိကာ အဆုံးထိသင်ကြားသူကတော့ သုံးယောက်ခန့်သာကျန်ကြောင်း ၎င်းက ဝမ်းနည်းစွာ ပြောသည်။

သို့ရာတွင် ရိုးရာဂီတကို သင်ယူချင်သူ လူငယ်များလည်း ရှိနေသည်။ ရိုးရာတူရိယာကို တီးခတ်တတ်ချင်သော်လည်း သင်ပေးသူမရှိ၍ မသင်ယူခဲ့ရကြောင်း တယောတီးခတ်သူ မဂျာဆိုင်းပန်က ဆိုသည်။

လူငယ်များ စိတ်ဝင်စားမှူနည်းရခြင်းသည် ဘုရားကျောင်းများတွင် ရိုးရာသံစုံသီးဝိုင်းနှင့် တီးမှုတ်ရသော ဘုရားချီးမွမ်းသီချင်းက ရှားပါးကာ အနောက်တိုင်းတူရိယာများဖြစ်သည့် တယော၊ စန္ဒယားများနှင့်သာ ပိုမိုတီးမှုတ်ရခြင်းကလည်း ရိုးရာတူရိယာအစား အနောက်တိုင်း တူရိယာများရွေးချယ်စေကြောင်း ၎င်းကဆိုသည်။

 

အဆင့်မြှင့်တင်ရန် လိုအပ်

“ဒီတူရိယာက ကိုယ့်ရဲ့တူရိယာ၊ ကိုယ့်လူမျိုးရဲ့တူရိယာ ၊ ကိုယ်မှ လာမလုပ်ရင်ဘယ်သူမှ လာလုပ်လို့ မရဘူး၊ ဆိုတော့ တစ်ချို့တွေက နိုင်ငံခြားက လာလုပ်တယ်ဆိုပေမဲ့ သူတို့တွေက တစ်ခုခုကြောင့် စာတမ်းပြုစုတာဖြင့် အသုံးချတာလည်းဖြစ်နိုင်တယ်။ ဒါတွေကိုမြှင့်တင်မယ်ဆိုတော့ ကိုယ်လူမျိုးကိုယ်တိုင်လုပ်နိုင်ဖို့ လိုတယ်” ဟု ရန်ကုန်နှစ်ချင်းအသင်းတော်မှ ရိုးရာတူရိယာတာဝန်ခံ ကိုနော်ခမ်းဆိုင်းအောင်က ပြောသည်။

” တရုတ်ပြည်မှာရှိတဲ့ ကချင်တွေက တူရိယာပိုင်းဆိုင်ရာ၊ တေးဂီတပိုင်းဆိုင်ရာတော်တော်လည်းလုပ်နိုင်တယ်။ မတူကွဲပြားစွာ လုပ်ဆောင်လာနိုင်တာကိုတွေ့ရတယ်။ တော်တော်လည်း အားကျမိတယ်။ သဘောကျမိတယ်။ ကိုယ့်ရဲ့ကချင်ပြည်မှာရှိတဲ့ ကချင်လူမျိုးတစ်ယောက်အနေနဲ့ ဒါကြီးကို ပစ်လိုက်မှာလား၊ ဒါမှမဟုတ်ရင် တူရိယာကို လုံး၀ စွန့်လွှတ်လိုက်မှာလား၊ ဒါမှမဟုတ် ဒါကြီးကို ပိုပြီးအသုံးပြုလာအောင်၊ နိုင်ငံတကာမှာ ဝင်ဆန့်နိုင်အောင် ကိုယ်ကိုတိုင် ရွေးချယ်ရမှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

တူရိယာတွေကို ပိုပြီးအဆင့်မြင့်တင်တိုးတက်အောင် လုပ်ဆောင်နိုင်ရန် ဂီတပိုင်းဆိုင်ရာကျွမ်းကျင်သူများတွင် ပိုမိုတာဝန်ရှိသည်ဟုထင်မြင်ကြောင်း၊ ထို့ပြင် နိုင်ငံတကာမှူး ဂီတပညာရှင်များဧ။် ပံ့ပိုးကူညီမှုများလည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။

ရိုးရာတီးခတ်သူနည်းပါးခြင်းအပေါ် ရိုးရာတီးခတ်သူများက Creation ပိုင်း အားနည်းကြောင်း မဂျာဆိုင်းပန်က ဝေဖန်သည်။ ကိုရီယားနိုင်ငံဆိုလျှင် ရိုးရာတူရိယာများဖြင့် နိုင်ငံတကာတူရိယာများနှင့်ပင် ချိတ်ဆက် တင်ဆက်နိုင်လောက်အောင် ဖန်တီးနိုင်စွမ်းရှိကြောင်း ဥပမာပေးပြောဆိုသည်။

” အစိုးရရဲ့ ပါဝင်ကူညီမှှုတွေရယ်၊ ကိုယ်ကိုတိုင်လည်းကြိုးစားမယ်၊ ဒါအပြင်အခြားသောနိုင်ငံမှာ ပညာရှင်တွေရဲ့ အကူအညီတွေလည်း ယူမယ်၊ သုံးပွင့်ဆိုင်တာ ပေါင်းစပ်နိုင်မယ်ဆိုရင် ဘယ်နိုင်ငံ၊ ဘယ်လူမျိုးရဲ့တူရိယာမဆို ပိုပြီးမြှင့်တင်နိုင်မယ်၊ တူရိယာတွေ ပေါင်းစပ်မြှင့်တင်နိုင်မယ်” ဟု ရန်ကုန်ကချင်နှစ်ချင်းအသင်းတော်မှ ရိုးရာတူရိယာတာဝန်ခံ ကိုနော်ခမ်းဆိုင်းအောင်က အပြုသဘော ဝေဖန်ခဲ့သည်။

မြေနီကုန်း ဂုံးတံတားအောက်ညနေစောင်း မြင်ကွင်းများ

ညနေစောင်း အများပြည်သူပိုင် မြေနီကုန်း ဂုံးတံတားအောက်တွင် ညနေရုံးဆင်းသူများ၊ လူကြီးလူငယ်၊ လမ်းသွားလမ်းလာများ ၊အားကစားကစားနေသူများ၊ အနုပညာလုပ်ရှားမှူများဖြင့် စည်ကားနေလေ့ရှိသည်။

IMG_20181128_112836-01

ပုံ – မြေနီကုန်း ဂုံးတံတားအား တွေ့ရစဉ်။

IMG_20181125_161046-01

ပုံ – ဂုံးတံတားအဆင်း အောက်ခြေဘေးဘက်နံရံတွင် ချယ်သထားသော ဆေးပန်းချီ။

IMG_20181125_165439-01

IMG_20181125_165516-01

IMG_20181125_172054-01

IMG_20181125_172305-01
ပုံ – ခြင်းခတ်သူများ၊ ဘောလုံးကစားသူများ၊ အကကသူများဖြင့်စည်ကားနေ‌။

IMG_20181125_165924-01
ပုံ – ရုံးသွား ရုံးဆင်း၊ လမ်းသွားလမ်းလာများအတွက် တွေ့ဆုံ စကားပြောနေကြစဉ်။

အပန်းဖြေနားနေစရာ နေရာများအနက်မှ မြေနီကုန်း ဆုံမှတ်

ရန်ကုန်ရှိ ဂုံးကျော်တံတားများထဲမှ မြေနီကုန်း ဂုံးကျော်တံတားသည် တမူကွဲပြားကာ အများပြည်သူအပန်းဖြေနိုင်ရန် တံတားအောက်တွင် ခုံတန်းရှည်များ၊ အားကစားကွင်းများရှိခြင်းက လူငယ်လူရွယ်၊ အားကစားဝါသနာရှင်၊ ပြည်သူများအတွက် ဆုံမှတ်တစ်ခုလိုဖြစ်စေသည်။

IMG_20181128_112837-01
ပုံ – မြေနီကုန်း ဂုံးကျော်တံတား။

ဂုံးကျော်တံတားများသည် ရုံးသွား၊ ရုံးဆင်းအလွန်ထူထပ်သော မြို့၏ အချက်အချာကျရာ လမ်းဆုံလမ်းခွများ တွင် နေရာယူထားကြပြီး အများစုက ကားပါကင်ထိုးရန်လောက်သာ အသုံးပြုုု ကြသည်။

ယခင်က လူဦးရေထူထပ်သောရန်ကုန်မြို့အနေဖြင့် ရုံးသွား၊ ရံုံးဆင်းသူများ၊ အများပြည်သူများအတွက် နားခိုအပန်းဖြေရာနေရာများသည် မရှိသလောက်ပင်ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တွင်းရှိ ယဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ၂၀၁၂ ခုနှစ် မှ ယခုတိုင်အောင် ဂုံးကျော်တံတားပေါင်း ၇ စင်း တည်ဆောက်ခဲ့ပြီး ဂုံတံတားအောက်တွင် နေရာလွတ်များစွာ ကို အများပြည်သူအတွက် ဖော်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုဂုံးတံတားများအနက်မှ မြေနီကုန်းဂုံးကျော်တံတားသည် အခြားသောဂုံတံတားများနှင့် ကွဲပြားကာ ဂုံးတံတားအောက် အများပိုင်နေရာလွတ်တွင် ပြည်သူများအပန်းဖြေနိုင်ရန် ရည်ရွယ်ကာ အုတ်ခုံတန်းရှည်များ ၊ ဘောလုံး ကွင်း ၊ ခြင်းလုံးကွင်း ၊ ဝိုင်းဖွဲ့ကရန်နေရာများ ထည့်သွင်းတည်ဆောက်ထားသည်။

မြင်တွေ့ရခဲသော အားကစားများ

ရန်ကုန်မြို့တွင်း အများပြည်သူပိုင်နေရာများတွင် ဘောလုံးကစားခြင်း၊ ခြင်းခတ်ခြင်းများ စသည့် မြင်တွေ့ရ ခဲသော မြင်ကွင်းများကို မြေနီကုန်းဂုံးကျော်တံတားအောက်တွင် မြင်တွေ့နိုင်သည်။

သာမန်လုပ်သား များပြားသောရန်ကုန်မြို့တွင် အများပြည်သူပိုင်နေရာများရှားပါးခြင်းနှင့်အတူ အားကစား ဝါသနာပါသောသူများသည် အခကြေးငွေများ ပေးကာ အလွန်ဝေးသောကွင်းများတွင် ဆော့ကစားနေရသည်။

ယခုကဲ့သို့ အများပိုင်နေရာရှိလာခြင်းသည် အားကစားဝါသနာရှင်များအတွက် ဆုံစည်းရာနေရာတစ်ခု ဖြစ်လာသည်ဆိုလည်း မမှားပေ။

“ ဘောလုံးကွင်းတွေက အဝေးကြီးပဲ။ ပိုက်ဆံတွေပေးပြီး ကန်နေရတယ်။ ဒီနေရာက လူငယ်တွေ စုကြတယ်၊ ဒါကြောင့် ဒီမှာ လာကန်ဖြစ်တာပါ” ဟု ရွေဂုံတိုင်ကနေ လာရောက်ကစားသည့် ကိုကျော်လေးက ပြောသည်။

IMG_20181125_165439-01
ပုံ – ခြင်းခတ်နေကြစဉ်။

လူငယ်ဆုံမှတ်
“ယောကျာ်းလေးတွေက မြေနီကုန်းတံတားအောက်က စောင့်နေပေါ့။ ကောင်မလေးကလည်း စောင့်နေပေါ့ ၊ သူတို့တွေ ချိန်း၊ ပြီးမှ တစ်နေရာ သွားကြတာ” ဟု အဆိုပါ ဂုံးတံတားအောက်တွင် ကွမ်းယာရောင်းချသော ဦးသောင်းဟန်က ရယ်ရယ်မောမော ဆိုသည်။
လူငယ်လူရွယ်များအတွက် မိမိချစ်သူနှင့်သော်လည်းကောင်း သူငယ်ချင်းများနှင့်ချိန်းချက်တွင် အလွန်အဆင်ပြေသော နေရာကောင်းလည်းတစ်ခုလည်းဖြစ်သည်။
“သင်တန်း မြေနီကုန်းမှာ လာတက်တယ်၊ သင်တန်းပြီးတိုင်း ဒီမှာလာထိုင်ဖြစ်တယ်။ ဖြတ်သွားဖြတ်လာ၊ သူငယ်ချင်းတွေနဲ့လည်း လာထိုင်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ချိန်းရင် ဒီမှာ အမြဲဆုံဖြစ်တယ်၊ ဒီနေရာက ဆုံမှတ်လိုပဲ ” ဟု မြောက်ဥက္ကလာပမှ သင်တန်းလာတက်သူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
လူငယ်အနုပညာ
လူငယ်လူရွယ်များဧ။် အနုပညာဖန်တီးမှုများကိုလည်း ဂုံကျော်တံတားအတက် ဘေးဘက်ဘောင်တွင် မြင်တွေ့နိုင်သေးသည်။  မြို့ပြလူငယ်လူရွယ်များ၏ ခေတ်ပေါ် ကခုန်ခြင်း၊ ပြိုင်ပွဲများကိုလည်း ရံဖန်ရံခါ မြင်တွေ့ရသည်။ ကခုန်ခြင်းသာမက အဆိုပြိုင်ပွဲ (Beat box) ပြိုင်ပွဲများကို ယင်းနေရာတွင်ပင် ကျင်းပလေ့ ရှိသည်။ အကဝါသနာရှင်များသည်လည်း ညနေစောင်းတိုင်းလာရောက် လေ့ကျင့်ကြသည်ကို တွေ့မြင်ရသည်။

စီးပွားရေး

ထိုကဲ့သို့ လူအများစည်ကားနေတတ်သော နေရာတွင် လူသွား၊ လူလာများပြားရာ၊ ဆုံစည်းရာနေရာများသည် စီးပွားရေးသမားများအတွက် ကြီးမားသော ဈေးကွက်တစ်ခုပင် ဖြစ်သည်။ ထိုနေရာများတွင် ကုမ္ပဏီကြော်ငြာ၊ ပရိုမိုးရှင်းများလည်း ရံဖန်ရခါတွေ့ရသည်။

ဂုံးတံတားတွေ များစွာအနက်မှ မြေနီကုန်း ဂုံတံတားသည် Public Space အတွက် ပိုကောင်းမွန်သည်ဟု ယူဆရနိုင်ဖွယ်ရှိပြီး အဆိုပါနေရာအတွက် ရန်ကုန်တိုင်းအစိုးရမှ ကျပ်သန်း ၄၀၀၀ အကုန်ကျခံကာ ပြုပြင်ထားသည်ဟု ဆိုသည်။

ဇန်နဝါရီလကမှ ဖွင့်လှစ်ထားသော မြေနီကုန်း ဂုံးတံတားသည် စတင်ဖွင့်လှစ်စဉ်က ပန်းပင်များစွာရှိပြီး ယခုမှု ပန်းပင်အနည်းငယ်သာ ရှိတော့သောကြောင့် ယခင်ကာလကလို ပြန်လည်လှပနိုင်ဖို့ မျှော်လင့်နေမိသည်မှာ အမှန်ပင်။

ကိုယ်တိုင်ဈေးရောင်းပေမယ့် သမီးကို ပညာတတ်ဖြစ်စေချင်သူ

နှစ် ၂၀ ကျော်ကြာ ရွှေတိဂုံဘုရားအရှေ့မုခ်တွင် အချဉ်ပေါင်းရောင်းရင်း အသက်မွေးဝမ်းကြောင်း ပြုနေသော်လည်း သမီးဖြစ်သူကို လမ်းဘေးဈေးသည် မဖြစ်ခိုင်းစေချင်ဘဲ၊ ပညာတတ် မဖြစ် ဖြစ်အောင် လုပ်ပေးချင်သူကတော့ ဒေါ်တင်တင်အေးပင်ဖြစ်သည်။

ပုံ – အချဉ်ပေါင်းရောင်းပြီး ငွေလက်ခံနေစဉ်။

“သူတို့တွေကိုတော့ အန်တီလို လမ်းဘေးမရောင်းစေချင်ဘူး၊ ဆယ်တန်းအောင်၊ တက္ကသိုလ်ထိ ကျောင်းထားပေးမယ်၊ အန်တီလိုမျိုးနေပူမခံခိုင်းဘူး” ဟု ဆိုသူကတော့ ဒေါ်တင်တင်အေးပင်ဖြစ်သည်။

သူမသည် လက်ရှိတွင်အသက် ၄၂ နှစ်ရှိပြီး ဆယ်တန်းတက်ရောက်နေသော၊ အသက် ၁၇ နှစ် အရွယ် သမီးလေးတစ်ယောက် ရှိပြီး မိသားစု နှင့် ဗဟန်းမြို့ ရွေဂုံတိုင်အနီးတွင် နေထိုင်သည်။

မိသားစု ဝမ်းရေးအတွက် ခင်ပွန်းနှင့် အတူ ရွှေတိဂုံဘုရားအရှေ့မုခ်ဝတွင် အချဉ်ပေါင်းကိုရောင်းနေသည်မှာ နှစ် (၂၀) ကျော်ပြီဖြစ်သည်။

မိသားစုဘ၀

သူမသည် အညာဇာတိဖြစ်ပြီး ၊ ခင်ပွန်းဖြစ်သူနှင့် မင်္ဂလာဆောင်ပြီးမှ ရန်ကုန်ကို ပြောင်းလာခဲ့ကြောင်း ပြောသည်။ ယခင်တွင် သူမ၏ ခင်ပွန်းသာ အချဉ်ပေါင်းရောင်းသော်လည်း သမီးရလာပြီးနောက်ပိုင်း တစ်ယောက်တည်း အဆင်မပြေလာခဲ့တော့ကြောင်း သူမကပြောသည်။

မိသားစုဝမ်းရေးအဆင်ပြေစေရေးအတွက် သူမက ဆိုင်ခွဲကာ ရွှေတိဂုံဘုရားအရှေ့မုခ်တွင် အချဉ်ပေါင်း ရောင်းရခြင်းဖြစ်ကြောင်း သူမက ပြောသည်။

စနေ၊ တနင်္ဂနွေနေ့များတွင်  ကျပ် ၃၀၀၀၀ ဝန်းကျင်ရောင်းရသော်လည်း၊ ကြားရက်များတွင် တစ်နေ့လျှင် ကျပ် ၁၀၀၀၀နှင့်၂၀၀၀၀ကြားသာ ရောင်းရပြီး ပွဲတော်ရက်များတွင် ဈေးရောင်းရငွေ ကျပ် လေးသောင်းဝန်းကျင်ရကြောင်း သူမကဆိုသည်။

စိန်ခေါ်မှူများ

အရင်ကထက်စာရင် လက်ရှိတွင် သစ်သီးဈေးနှုန်းကြီးမားလာခြင်းကြောင့် အမြတ်နည်းလာကြောင်း၊ ခက်ခဲလာမှု ရှိလာသည်ဟု လက်ရှိအခက်အခဲနှင့်ပတ်သက်ပြီးပြောသည်။ သို့သော်လည်း လက်ရှိလုပ်ကိုင်နေမှုကို သူမအနေဖြင့် လုပ်ကိုင်နိင်သောအသက်အရွယ်ထိ လုပ်သွားမည်ဟု ဒေါ်တင်တင်အေးက ဆိုသည်။

သမီးအပေါ် မျော်မှန်းချက်

သို့သော်လည်း ယခုလက်ရှိ အချဉ်ပေါင်းရောင်းနေခြင်းသည် ပညာမတတ်ခြင်းကြောင့် ဟုဆိုသည်။ “ကျွန်မက ၇ တန်းသာ အောင်ခဲ့တယ်။ ဆယ်တန်းတောင် မအောင်ခဲ့တော့၊စာမတတ်လို့ အခုလိုဈေးရောင်းရတယ်” ဟု ဆိုသည်။

သူမအနေဖြင့် သမီးဖြစ်သူကို “ပညာတတ်ဖြစ်စေချင်တယ်။ ဖြစ်ချင်တာလုပ်ပေးမယ်၊ မဖြစ် ဖြစ်အောင်လုပ်ပေးမယ်၊ ဘာဖြစ်ချင်လဲ၊ ကုန်ကျစရိတ်ရအောင်ရှာပေးမယ်” ဟု ဆိုသည်။

သမီးဖြစ်သူအပေါ် မျှော်လင့်ချက်ကိုတော့ အခုလိုပဲ ပြောလိုက်ပါတော့သည်။